အမေရိကန်က ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့်လာချိန် မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၃ မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံကြောင်း တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ပြောဆိုသည်။ ယမန်နေ့ နေပြည်တော်တွင် စစ်တပ်ခန့် ပြည်ထဲရေးဝန်ကြီး ဆိုသူ ထွန်းထွန်းနောင်နှင့်တွေ့ဆုံစဉ် တရုတ် ပြည်သူ့လုံခြုံရေး လက်ထောက်ဝန်ကြီး မစ္စတာလျိုကျုံးရိက ထိုသို့ ပြောဆိုခြင်းဖြစ်သည်။ နှစ်နိုင်ငံ တွေ့ဆုံစဉ် Online Scam တိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ နှစ်နိုင်ငံနှင့် ဒေသတွင်းနိုင်ငံ များအကြား ပေါင်းစပ်ညှိနှိုင်း ဆောင် ရွက်ရေး၊ Online Scam ကိုအကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု လက်မခံရေး၊ အွန်လိုင်းလိမ် လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု များတိုက်ဖျက်ရေး ကြီးကြပ်မှုဗဟိုကော်မတီ၏ လုပ်ငန်းစဉ်များကို တရုတ်နိုင်ငံအနေ ဖြင့် ထောက်ခံကြောင်း၊ […] The post အမေရိကန်က ကျားဖြန့် တိုက်ဖျက်ရေး အရှိန်မြှင့်လာချိန် မြန်မာနိုင်ငံတွင် ကျားဖြန့် Online Scam အကြောင်းပြ၍ ပြည်ပနိုင်ငံများက ဝင်ရောက်စွက်ဖက်မှု တရုတ်က လက်မခံဟုဆို appeared first on Khit Thit Media .