ရန်ကုန်၊ ဒီဇင်ဘာ ၁၃ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်မှ စတင်ပြီး ဘီးလင်းမြို့နယ်၊ ဖိုးဝသိမ်ကျေးရွာကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ဖိုးဝသိမ်ရွာကို စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ အသက် ၅၃ နှစ်အရွယ် ဦးကြည်လွင်နှင့် ရှမ်းစုရွာမှ အသက် ၅၀ နှစ်အရွယ် ဦးမောင်လုံးတို့ သေဆုံးခဲ့ကြောင်း သိရသည်။ ယင်းနေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် […] The post ဘီးလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦး သေဆုံးပြီး ပြည်သူ ၃ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ထား appeared first on Khit Thit Media .