MNDAA ၊ TNLA ၊AA တို့၏ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်များကြောင့် လူမှုစီးပွားအခြေ အနေများ ပိုမိုဆိုးရွားစေခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေဟု မင်းအောင်လှိုင် အပြစ်တင်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မြန်မာနိုင်ငံတွင် MNDAA ၊ TNLA ၊AA တို့၏ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်များကြောင့် လူမှုစီးပွားအခြေအနေများ ပိုမိုဆိုးရွားစေခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေရကြောင်း အကြမ်းဖက် မင်းအောင်လှိုင်က အပြစ်တင်ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်သည့် ၅၁ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာတွင် အကြမ်းဖက် မင်းအောင်လှိုင်က ထိုသို့ အပြစ်တင်မှုများကို ပေါ်ပေါ်တင်တင် လုပ်ဆောင်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သည့် MNDAA ၊ TNLA၊ AA အဖွဲ့များ၏ လုပ်ဆောင်ချက်များသည် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားစေခဲ့ကြောင်း၊ လက် နက်ကိုင်၏ လုပ်ရပ်များကြောင့် အပြစ်မဲ့ပြည်သူပေါင်းများစွာ ဆင်းရဲဒုက္ခရောက်ခဲ့ကြရကြောင်း၊ ခေတ်အဆက်ဆက် လက်နက်ကိုင်တိုက်ခိုက်မှုများသည် နိုင်ငံရေးကိုအကြောင်းပြပြီး လွဲမှားသောအယူအဆများဖြင့် […] The post MNDAA ၊ TNLA ၊AA တို့၏ နိုင်ငံရေးအကြောင်းပြ လုပ်ဆောင်ချက်များကြောင့် လူမှုစီးပွားအခြေ အနေများ ပိုမိုဆိုးရွားစေခဲ့ပြီး ပြည်သူများ ဆင်းရဲဒုက္ခရောက်နေဟု မင်းအောင်လှိုင် အပြစ်တင် appeared first on Khit Thit Media .