မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင် စစ်တပ်လက်အောက်ခံ BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းက ကျားဖြန့်ရွာအသစ်တည်နေပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင် စစ်တပ်လက်အောက်ခံ BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းက ကျားဖြန့်ရွာအသစ်တည်နေပြန်ကြောင်း အဆိုပါဒေသအတွင်းသို့ ဆောက်လုပ်ရေးသုံး ပစ္စည်းများ ပို့ဆောင်ပေးနေရသော ကယ်ရီသမားများနှင့် ကရင်စစ်ရေး သတင်းရင်းမြစ်ထံမှ သိရှိရသည်။ ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်ကမ်းဘေးရှိ KK Parks၊ ရွှေကုက္ကိုလ်၊ မင်းလက်ပံ အစရှိသော ကျားဖြန့်နေရာများမှာ နိုင်ငံတကာ၏ အာရုံစိုက်မှု ရရှိလာပြီး ဖြိုခွင်းမှုများ ကြုံတွေ့လာရပြီးနောက် စစ်တပ်လက်အောက်ခံ BGF များက ဒေါနတောင်ခြေနှင့် လူသူအရောက်အပေါက်နည်းသော ဒေသများသို့ ကျားဖြန့်အဆောက်အအုံနှင့်ဝင်းများကို ပြောင်းရွှေ့ တည်ဆောက်လာကြောင်း၊ လတ်တလော BGF ဗိုလ်တင်ဝင်း ဦးဆောင်သော တပ်များက သစ်ကတေကျေးရွာအနီးတွင် ကျားဖြန့် ဆိုက်နေရာ အသစ်များ တည်ဆောက်နေသကဲ့သို့ BGF စောချစ်သူ၏ လက်ထောက် […] The post မြ၀တီမြို့နယ်၊ ကျော်ခို့ကျေးရွာအနီးတွင် စစ်တပ်လက်အောက်ခံ BGF စောချစ်သူ၏ လက်ထောက် ဗိုလ်မောင်ဝင်းက ကျားဖြန့်ရွာအသစ်တည်နေပြန် appeared first on Khit Thit Media .