Credit to Popular Journal - မကြာခင်ကျင်းပပြုလုပ်မည် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပရေးတွင် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က ပြောသည်။ ယနေ့ (ဒီဇင်ဘာ ၁၅ ရက်) ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာမှာ မြန်မာနိုင်ငံယာယီသမ္မတနိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများအနေဖြင့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များအောင်မြင်ပြီး ပြည်သူများလိုလားတောင့်တသည် ပါတီစုံဒီမိုကရေစီနစ်ကို စည်းကမ်းတကျ အောင်မြင်စွာလျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်သည့်နှင့်အမျှ လျင်မြန်စွာအောင်မြင်နိုင်မည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောသည်။ ရွေးကောက်ပွဲအပိုင်း (၁) ကို ဒီဇင်ဘာ (၂၈) ရက်နေ့၌ စတင်ကျင်းပမည်ဖြစ်ပြီး ၁၂ ရက်သာလိုအပ်တော့ကြောင်း သိရသည်။ အပိုင်း (၂) ကို ၂၀၂၆ […] The post မကြာမီကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရန် ဒေသလုံခြုံမှုနှင့် တည်ငြိမ်အေးချမ်းမှုရှိရန် အဓိကလိုအပ် appeared first on Popular .