Credit to Popular Journal - လက်နက်ကိုင်ပြဿနာများကြောင့် ထိခိုက်ဆုံးရှုံးမှုအများဆုံးသည် ဖွံ့ဖြိုးမှုအားနည်းသော တိုင်းနှင့်ပြည်နယ်များသာဖြစ် ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်းလျှောက်လှမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၅ ရက်တွင်ကျရောက်သည့် (၅၁) နှစ်မြောက် ရခိုင်ပြည်နယ်နေ့အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာ၌ ရေးသားပြောဆိုခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်သည် လမ်းပန်းဆက်သွယ်ရေးမှအစ အဘက်ဘက်၌အခက်အခဲများစွာရှိ၍ အစိုးရအဆက်ဆက်မှ ရခိုင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို ယခုအချိန်အထိအလေးထားဆောင်ရွက်ခဲ့ရာ ယခင်ထက် အဆပေါင်းများစွာပြောင်းလဲတိုးတက်လျက်ရှိသည်ဟု ပြောသည်။ ထိုသို့ ပြောင်းလဲတိုးတက်လာသော်လည်း အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် တိုင်းရင်းသားများ၏ လူမှုစီးပွားအခြေအနေများကို ပိုမိုဆိုးရွားဆင်းရဲဒုက္ခရောက်ခဲ့ကြရပြီး ၎င်းတို့သည် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းပြီး ပြည်ထောင်စုကြီးကို အတူတကွတည်ဆောက်ရန်ထက် တသီးတခြားရပ်တည်လိုစိတ်ကိုသာ ရှေ့တန်းတင်လာကြသည်ဟု ပြောသည်။ လက်နက်ကိုင်အကြမ်းဖက်နည်းဖြင့် မိမိတို့လိုလားချက်ကိုတောင်းဆို၍မရနိုင်ဘဲ နိုင်ငံရေးစားပွဲဝိုင်းသို့ရောက်လာပြီး ငြိမ်းချမ်းစွာဖြေရှင်းသောနည်းဖြင့်သာ ပဋိပက္ခများကိုပြေလည်စေမည်ဖြစ်၍ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်လွှတ်ကာ လမ်းကြောင်းမှန်ပေါ်ရောက်ရှိကြရေး တိုက်တွန်းလိုသည်ဟု ပြောသည်။ လက်နက်ကိုင်ပြဿနာများကြောင့် […] The post ဖွံ့ဖြိုးမှုနောက်ကျနေသော ဒေသခံများ၏မျက်နှာကို စာနာထောက်ထားကာ တည်ငြိမ်အေးချမ်းမှုကို အားလုံးကဝိုင်းဝန်းကြိုးပမ်းပေးကြရန် နိုင်ငံတော်ယာယီသမ္မတ တိုက်တွန်း appeared first on Popular .