နယ်စပ်တို-က်ပွဲများပြင်းထန်လာသောကြောင့် ကမ်းရိုးတန်းတလျှောက်ကို ထိုင်းက ကာဖျူးထုတ်

Credit to Popular Journal - ကမ္ဘောဒီးယားနှင့် နယ်စပ်ဒေသအငြင်းပွားမှဖြစ်ပေါ်ခဲ့သော တို-က်ပွဲသည် ကမ်းရိုးတန်းဒေသများအထိ ပျံ့နှံ့လာ၍ တနင်္ဂနွေနေ့တွင် ထိုင်းနိုင်ငံက ၎င်း၏ အရှေ့တောင်ပိုင်း ထရတ်ပြည်နယ်တွင် နေဝင်မီးငြိမ်း ကာဖျူးအမိန့်ထုတ်လိုက်သည်။ မေလအတွင်းက ကမ္ဘောဒီးယားစစ်သားတစ်ဦးသည် ပ-စ်ခတ်မှုတွင် ‌ေ-သဆုံးခဲ့ပြီးနောက်မှစကာ အရှေ့တောင်အာရှ အိမ်နီးချင်းနှစ်နိုင်ငံသည် ယခုနှစ်အတွင်း လက်နက်ကိုင်ဖြေရှင်းရန် အကြိမ်ကြိမ်ကြိုးစားခဲ့ကြကာ ပဋိပက္ခကို ပြန်လည်စတင်ခဲ့ပြီး နယ်စပ်နှစ်ဖက်စလုံးရှိ လူထောင်ပေါင်းများစွာကို စစ်ဘေးရှောင်ရစေခဲ့သည်။ စနေနေ့တွင် ကမ္ဘောဒီးယားဘက်က အပ-စ်အခတ်ရပ်စဲရေးကို လမ်းဖွင့်ထားကြောင်းကို ထပ်လောင်း‌ပြောကြားခဲ့ပြီးနောက် ပဋိပက္ခများသည် အဆက်မပြတ်ဖြစ်ပွားခဲ့ကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရေတပ်ဗိုလ်ချုပ် ဆူရာဆန့် ကွန်စီရီက ကာဖျူးအမိန့်ကို ကြေညာပြီးနောက် ဘန်ကောက်တွင်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “ထိုင်းနိုင်ငံသည် သံတမန်ရေးအရ ဖြေရှင်းမှုအတွက် လမ်းဖွင့်ထားသော်လည်း ကမ္ဘောဒီးယားအနေဖြင့် မညှိနှိုင်းမီတွင် ရန်လိုမှုကို ဦးစွာရပ်တန့်ရမည်ဖြစ်သည်” ဟု ၎င်းက ပြောကြားခဲ့သည်။ ကမ္ဘောဒီးယားက […] The post နယ်စပ်တို-က်ပွဲများပြင်းထန်လာသောကြောင့် ကမ်းရိုးတန်းတလျှောက်ကို ထိုင်းက ကာဖျူးထုတ် appeared first on Popular .