မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ရန်ကင်းတောင်တွင် ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ရန်ကင်းတောင်ပေါ်၌ ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်များ သိမ်းဆည်းရရှိခဲ့ကြောင်း‌ မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဒီဇင်ဘာလ ၉ ရက်နံနက်ပိုင်းက မော်လိုက် တော်လှန်ရေးအင်အားစုများ အခြေပြု တပ်စွဲထားသည့် မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ဒေသအခေါ် ရန်ကင်းတောင် သို့ အကြမ်းဖက်စစ်တပ်က သာ လွန် အင်အား ဖြင့်ထိုးစစ်ဆင်တိုက်ခိုက်လာသောကြောင့် ခေတ္တခဏ ဆုတ်ခွာပေးခဲ့ကြောင်း သိရ သည်။ ထို့နောက် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် အင်အား ၃၀ ခန့်ဖြင့် တပ်စွဲထားသည့် အဆိုပါ ရန်ကင်းတောင်စစ်တပ်စခန်းကို မော်လိုက်တော်လှန်ရေးအင်အားစုများက တန်ပြန်ထိုးစစ် […] The post မော်လိုက်မြို့နယ်၊ ဆွတ်နန်းရွာအနီး ရန်ကင်းတောင်တွင် ယာယီတပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၆ ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ appeared first on Khit Thit Media .