Credit to Popular Journal - ပြည်တွင်းရွှေဈေးနှုန်းနှင့်ပတ်သက်ပြီး မသမာသူတချို့က ကောလာဟလများ ထုတ်လွှင့်ကာ မတည်မငြိမ်ဖြစ်ပေါ်အောင် ဆောင်ရွက်လျက်ရှိနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။ ဒီဇင်ဘာလ ၁၂ ရက်တွင် YGEA အသင်းရုံးအစည်းအဝေးခန်းမ၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို-က်ဖျ-က်ရေးဆိုင်ရာ အသိပညာပေးသင်တန်း အမှတ်စဉ် (၂၇) ဖွင့်ပွဲအခမ်းအနားတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် ရွှေလုပ်ငန်းလုပ်ကိုင်နေသူ ကုန်သည်များတွင် ရိုးသားစွာ ရောင်းဝယ်ကြသူများရှိသကဲ့သို့ ၎င်းတို့ထဲမှ မသမာလူတချို့က ကောလာဟလများ လွှင့်ထုတ်ကာ အရောင်းအဝယ်ပြုလုပ်နေခြင်းကြောင့် ရွှေဈေးမတည်မငြိမ် ဖြစ်နေရခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်တွင်းရွှေဈေးကွက်တွင် ရောင်းချရမည့် သတ်မှတ် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေတစ်ကျပ်သား ကျပ် ၅,၉၈၀,၀၀၀ သတ်မှတ်ထားသော်လည်း ပြင်ပဈေးကွက်တွင် ကျပ် ၈,၉၄၀,၀၀၀ အထိ ဆွဲတင်ခံထားရသဖြင့် ရည်ညွှန်းရွှေဈေးနှုန်းထက် ကျပ် […] The post မသမာသူတချို့၏ ကောလာဟလများကြောင့် ရွှေဈေးမတည်မငြိမ်ဖြစ်ပေါ်နေဟု ရွှေအသင်း ဥက္ကဋ္ဌပြော appeared first on Popular .