ပိုးသတ်ဆေး (၂) မျိုးကို မသုံးစွဲရန် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၇) ခုတွင် တားမြစ်ထား

Credit to Popular Journal - နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၇) ခုတွင် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို သုံစွဲခြင်းမပြုရန် မြန်မာနိုင်ငံပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ ထုတ်ပြန်ထားသည်။ အဆိုပါပိုးသတ်ဆေး (၂) မျိုးကို လယ်ယာထွက်ကုန်များတွင် ဓာတ်ကြွင်းကင်းစင်ရေးဆောင်ရွက်ရန် လိုအပ်သောကြောင့် ပိုးသတ်ဆေးဥပဒေပုဒ်မ (၈) အရ စပါး၊ ပဲတီစိမ်းမတ်ပဲ အများဆုံးစိုက်ပျိုးသော နေပြည်တော်၊ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့အတွင်း (၂) နှစ် သုံးစွဲခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါတားမြစ်ပိတ်ပင်ထားသည့် အဆိပ်ရှိပစ္စည်းနှစ်မျိုးဖြစ်သော Thiamethoxam နှင့် Clothianidin ပိုးသတ်ဆေးများကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ် (၇) ခုအတွင်း မည်သည့်အစိုးရဌာန၊ အဖွဲ့အစည်း၊ ပုဂ္ဂလိကများမှ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်း၊ သုံးစွဲခြင်း လုံးဝမပြုလုပ်ရန်နှင့် လိုက်နာခြင်းမရှိသည်ကို စစ်ဆေးတွေ့ရှိပါက […] The post ပိုးသတ်ဆေး (၂) မျိုးကို မသုံးစွဲရန် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ် (၇) ခုတွင် တားမြစ်ထား appeared first on Popular .