Credit to Popular Journal - နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာတွင် ကပြဖျော်ဖြေခဲ့သည့် “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့ကို သာသနာအား ညှိုးနွမ်းစေရန်နှင့် အမြင်မတင့်တယ်စေသည့်ဖြစ်ရပ်ကြောင့် သက်ဆိုင်ရာက ထိန်းသိမ်းအရေးယူထားသည်ဟု သိရသည်။ ယင်းဆိုင်းအဖွဲ့သည် ဇလောင်းကျေးရွာ၌ ဒီဇင်ဘာ ၅ ရက်မှ ၇ ရက်အထိ ဖျော်ဖြေစဉ် ကြာနီကန်ဆရာတော်၏ အနန္တငါးပါးရှိခိုးမှုနှင့် ကိုရီးယားဂန်းနန်းစတိုင် သီချင်းတီးလုံးတို့အား ပေါင်းစပ်သရုပ်ဖော်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ ဖျော်ဖြေရာ၌ သင်္ကန်းအားချွတ်ကာ အများပြည်သူအမြင်မတင့်တယ်သည့် ညစ်ညမ်းသောအပြုအမူဖြင့် အင်္ကျီမပါ ပုဆိုးခါးတောင်းကျိုက်ပြီး သရုပ်ပျ-က်ကပြမှု ဖြစ်ခဲ့သည်ဟု သိရသည်။ ထို့ကြောင့် ဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ ဖြစ်သည့် ဆိုင်းဆရာအဖြစ် စိုးသိန်း (ခ) အောင်စိုးမင်း၊ လူရွှင်တော်ဖြစ်သူ စိုးမင်းဦး၊ ထက်လင်းဦး (ခ) မျက်ပြူး၊ ကိုဖြိုး (ခ) ဝေဖြိုးထက်နှင့် နန်းဝတီတို့ကို တောင်ညိုနယ်မြေရဲစခန်း၌ ရာဇသတ်ကြီးပုဒ်မ ၂၉၄/ […] The post သာသနာအား ညှိုးနွမ်းစေရန်နှင့် အမြင်မတင့်တယ်စေသည့် ဖြစ်ရပ်ကြောင့် “အောင်စိုးမင်း” ဂီတပဒေသာဆိုင်းအဖွဲ့ကို အရေးယူ appeared first on Popular .