မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး

Credit to Popular Journal - အာဂျင်တီးနားဘောလုံးအကျော်အမော် လီယွန်နယ်မက်ဆီ၏ စနေနေ့က အိန္ဒိယခရီးစဉ်သည် ရုပ်ပျ-က်ဆင်းပျ-က်ဖြင့် စတင်ခဲ့ပြီး ပရိသတ်များက အရာဝတ္ထု့များနှင့် ပ-စ်ပေါက်ခြင်း၊ ထိုင်ခုံများကို ရို-က်ချိုးဖျ-က်ဆီးခြင်းနှင့် Salt Lake အားကစားကွင်း၏ ဘောလုံးကွင်းအတွင်းသို့ ကျူးကျော်ဝင်ရောက်ခြင်းများလုပ်ခဲ့ကြသည်။ လက်မှတ်ရောင်းချသော ယင်းပွဲအခမ်းအနားတွင် မက်ဆီသည် အချိန်ခဏသာရှိခဲ့သဖြင့် ယခုဖြစ်ရပ်များပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ ပွဲ၏ အဓိကစီစဉ်သူဖြစ်သော ဆာတာဒရူ ဒွတ်တာကို ရဲတပ်ဖွဲ့က ထိန်းသိမ်းထားကြောင်း အနောက်ဘင်ဂေါရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် ရာဂျစ်ဗ် ကူးမားက ပြောကြားခဲ့သည်။ မက်ဆီသည် အားကစားကွင်းအတွင်း ၄၅ မိနစ်ကြာရှိနေရန် စီစဉ်ထားသော်လည်း သူသည် မိနစ် ၂၀ သာရှိ‌နေခဲ့သည်။ အဆိုပါပွဲအတွက် လက်မှတ်တန်ဖိုးသည် အိန္ဒိယနိုင်ငံတွင် ပျှမ်းမျှအားဖြင့် တစ်ပတ်စာလုပ်အားခဝင်ငွေ၏ ထက်ဝက်ကျော်ဖြစ်သော ရူပီး ၃၅၀၀ (၃၉ ဒေါ်လာ) ဝန်းကျင်ရှိခဲ့သည်။ အနောက်ဘင်ဂေါဒေသ၏ Eastern […] The post မက်ဆီ၏အိန္ဒိယခရီးစဉ် ရုပ်ပျ-က်ဆင်းပျ-က်ဖြစ်၊ ဒေါသထွက်နေသော ပရိသတ်များက ကစားကွင်းကို ဖျ-က်ဆီး appeared first on Popular .