ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်အစပ်တွင် ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို မီးရှို့နေသည့် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိကြောင်း Popa Guerilla Force မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၇ ရက်နေ့မှ စတင်ပြီး ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ် အစပ်ကို စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို ဆက်တိုက်ဝင်ရောက် စီးနင်းပြီး ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကမ်းဖြူရွာမှ နေအိမ် ၄ လုံးနှင့် စိတ္တိန်းရွာမှ ထမင်းဆိုင် […] The post ကျောက်ပန်းတောင်းနှင့် ညောင်ဦးမြို့နယ်အစပ်တွင် ပြည်သူ ၈၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး ကျေးရွာများကို မီးရှို့နေသည့် စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ appeared first on Khit Thit Media .