ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် စစ်တပ်ဘက်တော်သား ရန်အောင်နှင့် ခန့်စည်သူတို့ အရွေး ချယ်ခံကြမည်ဖြစ်သော် လည်း မင်းအောင်လှိုင် မိန်းမ ကြူကြူလှကြောင့် ခန့်စည်သူ ဥက္ကဋ္ဌ ဖြစ်လာနိုင်ခြေများနေဟုဆို

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ အကြမ်းဖက်စစ်တပ်၏ လက်ကိုင်တုတ် တစ်ခုဖြစ်လာသော ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် စစ်တပ်ဘက်တော်သား ရန်အောင်နှင့် ခန့်စည်သူတို့ ယှဉ်ပြိုင် အရွေးချယ်ခံကြမည်ဖြစ်ကြောင်း ရုပ်ရှင်အသိုင်းအ၀ိုင်းထံမှ သိရှိရသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းစအချိန်က ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် လုပ်ခဲ့သော ခန့်စည်သူမှာ ကန့်ကွက်မှုများကြောင့် ၁ ပတ် အကြာတွင် ရာထူးမှ ဆင်းပေးခဲ့ရပြီးနောက် ယခုရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ရာထူးနေရာအတွက် ပြန်လည် ယှဉ်ပြိုင်အရွေးချယ်ခံရန် ကြိုစားလာခြင်းဖြစ်ကြောင်း သိရှိရသည်။ လက်ရှိတွင် ခန့်စည်သူမှာ မင်းအောင်လှိုင်၏ မိန်းမ ကြူကြူလှ အချစ်တော် တစ်ဦးဖြစ်နေပြီး စစ်တပ်ခန့် ပြန်ကြားရေးဝန်ကြီးဆိုသူ မောင်မောင်အုန်းနှင့်လည်း အဆင်ပြေသောကြောင့် ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ သစ်ဖြစ်လာနိုင်ခြေများကြောင်း သုံးသပ်နေကြသည်။ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ နေရာရာထူးမှာ ရုပ်ရှင် လောက […] The post ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ရာထူးအတွက် စစ်တပ်ဘက်တော်သား ရန်အောင်နှင့် ခန့်စည်သူတို့ အရွေး ချယ်ခံကြမည်ဖြစ်သော် လည်း မင်းအောင်လှိုင် မိန်းမ ကြူကြူလှကြောင့် ခန့်စည်သူ ဥက္ကဋ္ဌ ဖြစ်လာနိုင်ခြေများနေဟုဆို appeared first on Khit Thit Media .