ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang Garment အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းကလေးတစ်ဦးကို တရုတ်သူဌေး၏ လက်ထောက် မြန်မာအမျိုးသားက မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၁၀ ရက်နေ့ အလုပ်အချိန်အတွင်း ယင်းကဲ့သို့ မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ပြီး စက်ရုံပိုင်ရှင်တရုတ်သူဌေးက ငွေကြေးဖြင့် အမှုမဖွင့်ရန် လုပ်ဆောင်ခဲ့ကြောင်း စက်ရုံအလုပ်သမားတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဝါးတရာစက်မှုဇုန်ရှိ Zhong Xin Wang Garment အထည်ချုပ်စက်ရုံရှိ အိမ်သာထဲတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမား မိန်းက လေးငယ်ကို စက်ရုံပိုင်ရှင် တရုတ်သူဌေး၏ လက်ထောက်က မုဒိမ်းကျင့်ခဲ့ပြီးနောက် နစ်နာသူ မိန်းကလေးငယ်ကို တရုတ်သူဌေးက ငွေကြေးပေး၍ အမှုမဖွင့်ရန် […] The post ဝါးတရာစက်မှုဇုန်ရှိ တရုတ်နိုင်ငံသားပိုင် Zhong Xin Wang အထည်ချုပ်စက်ရုံတွင် အသက်မပြည့်သေးသည့် ကလေးအလုပ်သမားတစ်ဦး မုဒိမ်းကျင့်ခံရမှု တရုတ်သူဌေးက ငွေပေး၍ ကျေအေးခိုင်း appeared first on Khit Thit Media .