မြ၀တီမြို့တွင် ပြုလုပ်သည့် ကျားဖြန့်နှိမ်နင်းရေး ၃ နိုင်ငံအစည်းအဝေးပွဲသို့ တက်မည့် ဒုရဲချုပ် ၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် ဘန်ကောက်-မဲဆောက်လေယာဉ်စီးသွားပြီး ထိုင်းဘက်မှ မြ၀တီသို့ ဝင်ရောက် ၊ တရုတ်လုံခြုံရေး လက်ထောက်ဝန်ကြီးက ကျားဖြန့် ဖြိုဖျက်အဆောက်အအုံများ သွားကြည့်

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ကရင်ပြည်နယ်၊ မြ၀တီမြို့တွင် ပြုလုပ်သည့် တရုတ်၊ ထိုင်းနှင့် မြန်မာနိုင်ငံတို့ ပါဝင်သော ကျားဖြန့်နှိမ်နင်းရေး ၃ နိုင်ငံအစည်းအဝေးပွဲသို့ တက်ရောက်မည့် မြန်မာစစ်တပ်ဘက်မှ ဒုရဲချုပ် ၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက်မှာ ရန်ကုန်မှ ဘန်ကောက်-မဲဆောက်သို့ လေယာဉ် စီးသွားပြီး ထိုင်းဘက်မှတစ်ဆင့် မြ၀တီသို့ ဝင်ရောက်ခဲ့ကြောင်း သိရှိရသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ မြန်မာနိုင်ငံစစ်တပ်ဘက်မှ ဒုတိယရဲချုပ်၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် ဉီးဆောင်သောကိုယ်စားလှယ်အဖွဲ့က ထိုင်းနိုင်ငံဘန်ကောက်မှတဆင့် လေကြောင်းခရီးစဉ်ဖြင့် မဲဆောက်မြို့သို့ ရောက်ရှိလာကြောင်း၊ ယင်းနောက် မြန်မာ-ထိုင်းအမှတ် ၁ တံတားမှတစ်ဆင့် ယမန်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်အချိန် မြဝတီခရိုင်ရဲရုံးအနီး Green Star ဟိုတယ် ရောက်ရှိနေကြောင်း သိရှိရသည်။ […] The post မြ၀တီမြို့တွင် ပြုလုပ်သည့် ကျားဖြန့်နှိမ်နင်းရေး ၃ နိုင်ငံအစည်းအဝေးပွဲသို့ တက်မည့် ဒုရဲချုပ် ၂ ရဲဗိုလ်ချုပ် မျိုးမင်းထိုက် ဘန်ကောက်-မဲဆောက်လေယာဉ်စီးသွားပြီး ထိုင်းဘက်မှ မြ၀တီသို့ ဝင်ရောက် ၊ တရုတ်လုံခြုံရေး လက်ထောက်ဝန်ကြီးက ကျားဖြန့် ဖြိုဖျက်အဆောက်အအုံများ သွားကြည့် appeared first on Khit Thit Media .