ရန်ကုန်၊ ဒီဇင်ဘာ ၁၅ ရခိုင်ပြည်နယ်၊ ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA တပ်ဖွဲ့ဝင်များနှင့် နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ARSA နှင့် RSO က အလစ်အငိုက်ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းသို့ ဆုတ်ခွာထွက်ပြေးသွားကြောင်း AA က သတင်းထုတ်ပြန်သည်။ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်အချိန် အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောခရိုင်၊ အထက်ကျီးကျွန်း၊ နယ်စပ်မှတ်တိုင် (၂၀/၂၁) အကြားရှိ နယ်စပ်လုံခြုံရေးစခန်းတစ်ခုကို ARSA နှင့် RSOက အင်အား ၁၀ ဦးခန့်ဖြင့် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းမှ ဖြတ်ကျော်ဝင်ရောက်လာကာ လက်နက်ငယ်အပါအဝင်၊ 40 MM (79) ဖြင့် အလစ်အငိုက်ချောင်း မြောင်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။ အဆိုပါပစ်ခတ်မှုတွင် […] The post ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ AA နယ်စပ်လုံခြုံရေးစခန်းကို ARSA နှင့် RSOက အလစ်အငိုက် တိုက်ခိုက်ပြီးဘင်္ဂလားဒေ့ရှ်ထဲသို့ ဝင်ပြေးဟုဆို appeared first on Khit Thit Media .