ရန်ကုန်၊ ဒီဇင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်တွင် ခလရ ၂၂၉ တပ်ရင်းမှ ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ခန္တီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်သော ခလရ ၂၂၉ တပ်ရင်းမှ စစ်သားများနှင့် အမှတ် ၁၆ ရဲတပ်ရင်းတို့ ပူးပေါင်းထားသော အင်အား ၃၀ ခန့်ပါ ယာဉ်တန်းသည် ခန္တီးမြို့နယ်၊ နန်ခမာကျေးရွာဘက်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၄ ဦးသေဆုံးပြီး […] The post ခန္တီးမြို့နယ်တွင် ခလရ ၂၂၉ တပ်ရင်းမှ ဗိုလ်ကြီး လင်းမြတ်ထွန်း ဦးဆောင်လာသော ယာဉ်တန်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး appeared first on Khit Thit Media .