တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း (DSNDA) ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော်မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် တောင်သာမြို့ပေါ်မှ အင်အား ၁၅၀ ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် တောင်သာမြို့အနောက်ဘက်ရှိ လက်သဲကျင်-ဖောက်ဆိပ်ပင် ကျေးရွာကို ဦးတည် ဝင်ရောက်လာပြီး မင်းတည်းကျေးရွာသို့ ဦးတည် စစ်ကြောင်းထိုးလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ထိုထိတွေ့ တိုက်ပွဲသည် ၁ နာရီနှင့် ၃၀ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်း၊ လက်နက်ကြီး၊ […] The post တောင်သာမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၁၀ ဦး သေဆုံး appeared first on Khit Thit Media .