စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၅ မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်နေကြောင်း Wetlet Informational Network တာဝန်ခံ ကိုမုန်တိုင်းက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ညနေ ၅ နာရီ ၅၁ မိနစ်ခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက လက်ပံလှရွာ ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း လက်ပံလှရွာထဲရှိ ငွေဇင်ဟိန်း ဖုန်းဆိုင်အနီးနှင့် ၉၆၉ ဒံပေါက်ဆိုင် အနီးရှိ နေအိမ်များ […] The post စဉ့်ကူးမြို့နယ်၊ လက်ပံလှရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု နေအိမ်များ မီးလောင်နေ appeared first on Khit Thit Media .