ရန်ကုန်၊ ဒီဇင်ဘာ ၁၅ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘုန်းကြီးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ အသံ၏ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ တပ်မ ၆၀၀၆ မှ စစ်ကား ၂ စီးသည် အင်ကြင်းစုရွာထဲကို ရောက်ရှိလာပြီးနောက် ညနေပိုင်းတွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာက ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း […] The post ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာဘုန်းကြီးကျောင်းနှင့် ပေါက်မြို့နယ်၊ သပြေညို လယ်အိုရေနံမှော်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု သံဃာတော် ၁ ပါး ထိခိုက်ဒဏ်ရာရ appeared first on Khit Thit Media .