Credit to Popular Journal - ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်တွင် မလေးရှား၊ ထိုင်း ရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ငွေကျပ်(၁၃၃)ဘီလီယံတန်ဖိုးရှိ အိုက်စ်-မက်သ်အဖက်တမ်င်း ( ၁ဒဿမ၅၈တန်) နှင့် ကတ်တမင်း(၁ဒဿမ၈တန်ကျော်) နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် နိုဝင်ဘာ(၂၇)ရက်က သတင်းအရ မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက္ကံမြို့သစ် ၁၉ ရပ်ကွက် ၌ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ရွှေမောင်ဆန်း၊ မင်းဇော်လှိုင်(ခ)မင်းဇော်၊ အောင်ကျော်မျိုး(ခ)ငပိန်၊ မောင်မောင်သန်း(ခ)ဝင်းသန်းတို့ လေးဦးကို ကတ်တမင်း ၁ ဒဿမ ၈ တန်ကျော် မော်တော်ယဉ်(၃)စီးနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ထိုနောက် စစ်ဆေးချက်များအရ ၁၉ ရပ်ကွက်ရှိ ဂိုဒေါင်၌ အိုက်စ်(မက်သ်အဖတ်တမင်း) ၁ ဒဿမ ၅၈ တန်နှင့် ကတ်တမင်း ၆၀ ကီလိုတို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စုစုပေါင်း တန်ဖိုးငွေကျပ်(၁၃၃ ဒဿမ […] The post ထိုင်း၊ မလေးရှား ရေပိုင်နက်ထဲသို့ ပင်လယ်ရေကြောင်းဖြင့် သယ်ဆောင်မည့် မူးယစ်မှောင်ခိုဂိုဏ်းအဖွဲ့ကို ကျပ်(၁၃၃)ဘီလီယံ တန်ဖိုးရှိ အိုက်စ်၊ ကတ်တမင်းများနှင့်အတူ ဖမ်းဆီးရမိ appeared first on Popular .