Credit to Popular Journal - လက်ရှိဖြစ်ပွားနေသော ရန်လိုတို-က်ခိုက်မှုများအတွင်း ထိုင်းပင်လယ်ကွေ့မှတဆင့် ကမ္ဘောဒီးယားသို့ ရေနံနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများ ထောက်ပံ့ဖြည့်တင်းမှုကို ပိတ်ဆို့ရန် ထိုင်းဘုရင့်တပ်မတော်က နိုင်ငံတော်လုံခြုံရေးကောင်စီ (အင်န်အက်စ်စီ) သို့ အဆိုပြုခဲ့သည်။ တနင်္ဂနွေနေ့က အွန်လိုင်းတွင် ပျံ့နှံ့လာခဲ့သော လက်နက်ကိုင်တပ်ဖွဲ့အကြီးအကဲများထံမှ အရေးပေါ်တင်ပြစာတွင် ကမ္ဘောဒီးယားသို့ ပို့မည့်ရေနံနှင့် စစ်ပွဲဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ပင်လယ်ကွေ့တွင် ပိတ်ဆို့ဟန့်တားရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာနက အင်န်အက်စ်စီသို့ ချက်ချင်းအဆိုပြုချက်တင်ရန် တောင်းဆိုထားခဲ့သည်။ အဆိုပြုချက်အရ ထိုင်းရေပိုင်နက်မှ ကမ္ဘောဒီးယားသို့ ထွက်ခွာလာသော ကူးသန်းရောင်းဝယ်ရေးသင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများအပါအဝင် သင်္ဘောအမျိုးမျိုးဖြင့် သယ်ဆောင်လာသော ရေနံနှင့် စစ်ပွဲဆိုင်ရာထောက်ပံ့ရေးပစ္စည်းများကို ကြားဖြတ်ပိတ်ဆို့ရန် အင်န်အက်စ်စီက ထိုင်းရေကြောင်း ဥပဒေစိုးမိုးရေးဌာန (Thai-MECC) ကို အမိန့်ပေးမည်ဖြစ်သည်။ ထောက်ပံ့ရေးကိုပိတ်ဆို့မှုကို ပြဌာန်းရန် အမိန့်တစ်ရပ်ကို ဌာနက မူကြမ်းရေးဆွဲပြီးဖြစ်ကြောင်း Thai-MECC ညှိနှိုင်းရေးမှူး ဗိုလ်မှူးကြီး ပန်နူပန် ရက်ကောက ပြောကြားခဲ့သည်။ […] The post ကမ္ဘောဒီးယားသို့ရေနံနှင့် စစ်လက်နက်မပို့နိုင်ရန် ထိုင်းပင်လယ်ကွေ့ကို ပိတ်ဆို့မည်ဟုဆို appeared first on Popular .