ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန် အထူးသံတမန် ပြောကြား

Credit to Popular Journal - အမေရိကန် ပြည်ထောင်စုနှင့် ယူကရိန်းကိုယ်စားလှယ်အဖွဲ့များသည် ဂျာမနီနိုင်ငံ၏မြို့တော် ဘာလင်၌ ပြုလုပ်ခဲ့သော ဆွေးနွေးပွဲများအတွင်း “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန်သမ္မတ၏ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ပြောကြားသည်။ “ကိုယ်စားလှယ်များဟာ ငြိမ်းချမ်းရေးအတွက် အချက် ၂၀ ပါ အစီအစဉ်၊ စီးပွားရေးအစီအစဉ်တွေနဲ့ အခြားအရာတွေနဲ့ပတ်သက်ပြီး နက်နက်နဲနဲ ဆွေးနွေးခဲ့ကြပါတယ်” ဟု ဝစ်ကော့ဖ်က သူ၏ X လူမှုကွန်ရက် အကောင့်တွင် ပြောကြားခဲ့သည်။ “များစွာတိုးတက်မှုတွေရရှိခဲ့ပြီး မနက်ဖြန်မနက်မှာ သူတို့ထပ်မံတွေ့ဆုံကြမှာပါ” ဟုလည်း ဆိုသည်။ ယူကရိန်း၌ ဖြစ်ပွားနေသော ပဋိပက္ခကိုဖြေရှင်းရန်အတွက် အမေရိကန်-ယူကရိန်းဆွေးနွေးပွဲများကို ဘာလင်မြို့ရှိ ဖက်ဒရယ်ဝန်ကြီးချုပ်ရုံးတွင် ဒီဇင်ဘာ ၁၄ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်သည်။ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တွင် ဝစ်ကော့ဖ်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်၏ သမက်ဖြစ်သူ စီးပွားရေးသမား ဂျာရက် ကူရှ်နာတို့ […] The post ဘာလင်ဆွေးနွေးပွဲများတွင် အမေရိကန်နှင့် ယူကရိန်းတို့ “များစွာတိုးတက်မှု” ရရှိခဲ့ကြောင်း အမေရိကန် အထူးသံတမန် ပြောကြား appeared first on Popular .