အပ-စ်မရပ်လျှင်ထိုင်းနှင့်ကမ္ဘောဒီးယားကို အခွန်တိုးကောက်မည်–ထရမ့်ပ်

Credit to Popular Journal - ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အနေဖြင့် စစ်ပွဲကိုမရပ်ပါက ၎င်းတို့နှစ်နိုင်ငံကို အခွန်အသစ်များ ချမှတ်သွားမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ခြိမ်းခြောက်ခဲ့သည်။ သောကြာနေ့က ဝေါစထရိဂျာနယ်နှင့် ထရမ့်ပ်၏ အင်တာဗျူးကို အခြေခံ၍ ယခုသတင်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ “ကမ္ဘောဒီးယားနဲ့ ထိုင်းအကြား တကျော့ပြန်ဖြစ်လာတဲ့ ပဋိပက္ခကိုဖြေရှင်းဖို့အတွက် အခွန်တိုးကောက်သွားမယ်လို့ ပြီးခဲ့တဲ့ ၁၀ မိနစ်လောက်ကပဲ ငါခြိမ်းခြောက်ခဲ့တယ်” ဟု ထရမ့်ပ်က ပြောကြားခဲ့သည်။ “မင်းတို့ စစ်ပွဲကို မရပ်ဘူးဆိုရင် ရထားတဲ့ကုန်သွယ်ရေးသဘောတူညီချက်ကို ရပ်ပစ်ရုံမကဘဲ မင်းတို့နိုင်ငံကို ငါက အခွန်လည်းတိုးကောက်မယ်။ ငါလုပ်သလို ဘယ်သူမှ ဒါမျိုးမလုပ်နိုင်ဘူး” ဟု နှစ်နိုင်ငံခေါင်းဆောင်များကို သူ ကပြောခဲ့ကြောင်း ထရမ့်ပ်က ဆက်လက်ပြောကြားခဲ့သည်။ အပ-စ်အခတ်ရပ်စဲရေး ကတိကဝတ်များအပေါ် နှစ်ဖက်စလုံးကလိုက်နာမည်ဟု သမ္မတ ဒေါ်နယ်ထရမ့်ပ်က မျှော်လင့်ထားကြောင်းနှင့် သ-တ်ဖြ-တ်မှုများရပ်တန့်ရန်နှင့် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို သေချာစေရန် […] The post အပ-စ်မရပ်လျှင်ထိုင်းနှင့်ကမ္ဘောဒီးယားကို အခွန်တိုးကောက်မည်–ထရမ့်ပ် appeared first on Popular .