Credit to Popular Journal - တရုတ်အမျိုးသားရေနံကော်ပိုရေးရှင်း (CNPC) ၏ နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီနှင့် ယူနန်တက္ကသိုလ်၊ မြန်မာနိုင်ငံဆိုင်ရာ သုတေသနဌာန (Institute of Myanmar Studies) တို့ ပူးပေါင်းစီစဉ်ကျင်းပသည့် “တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ” ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁၄ ရက်နေ့က ကူမင်းမြို့၌ ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ ကူမင်းမြို့ဆိုင်ရာ မြန်မာကောင်စစ်ဝန်ချုပ် ဦးသွင်ထက်လင်းနှင့် CNPC နိုင်ငံတကာပိုက်လိုင်းကုမ္ပဏီမှ ကိုယ်စားလှယ်တို့တက်ရောက်၍ မိန့်ခွန်းများပြောကြားခဲ့ကြသည်။ “ပြိုင်ပွဲကိုစီစဉ်ကျင်းပသူများအပြင် ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း ကျေးဇူးတင်ရှိကြောင်း၊ မြန်မာ့ယဉ်ကျေးမှုသည် ထူးခြားသောအနှစ်သာရနှင့် အမျိုးသားရေးလက္ခဏာများ ပေါင်းစပ်ပါဝင်နေကြောင်း၊ ဤပြိုင်ပွဲသည် မြန်မာစာပေကို လေ့လာနေကြသည့် ကျောင်းသား၊ ကျောင်းသူများကို မြန်မာ့ယဉ်ကျေးမှုကို ပိုမိုနက်ရှိုင်းစွာနားလည်နိုင်ရန် အထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ကြောင်း၊ ၎င်းပြင် ယဉ်ကျေးမှုချင်း အပြန်အလှန် လေ့လာဖလှယ်ခြင်းသည် ပြည်သူလူထုချင်းဆက်သွယ်မှုကို […] The post တတိယအကြိမ်မြောက် တက္ကသိုလ်များအဆင့် မြန်မာဘာသာစကား ဗီဒီယိုတိုပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ appeared first on Popular .