ဖေဖော်ဝါရီလ ၈ ရက်‌နေ့တွင် ထိုင်းရွေးကောက်ပွဲများ ကျင်းပမည်ဟုဆို

Credit to Popular Journal - ထိုင်းနိုင်ငံသည် ဖေဖော်ဝါရီလ ၈ ရက် နေ့တွင် လွှတ်တော်ရွေးကောက်ပွဲများကိုကျင်းပရန် စီစဉ်ထားကြောင်း ထိုင်းပီဘီအက်စ်ရုပ်သံ၊ ပီပီတီဗီရုပ်သံနှင့် ပရာချတ်ထိုင်းဒီဂျစ်တယ်သတင်းဌာနအပါအဝင် ဒေသတွင်းမီဒီယာများစွာက ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် သတင်းများကိုဖော်ပြခဲ့ကြသည်။ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်သည် ပြီးခဲ့သည့်သီတင်းပတ်တွင် လွှတ်တော်ကို ဖျ-က်သိမ်းရန် ဘုရင်၏ခွင့်ပြုချက်ကိုရရှိခဲ့ပြီးနောက် ယခုကဲ့သို့ ရွေးကောက်ပွဲကျင်းပမည့် ရက်စွဲသတင်းထွက်လာခြင်းဖြစ်သည်။ လွှတ်တော်ဖျ-က်သိမ်းပြီး ရက်ပေါင်း ၄၅ ရက်မှ ၆၀ အတွင်း ရွေးကောက်ပွဲကို ကျင်းပရမည်ဖြစ်သည်။ ရွေးကောက်ပွဲကော်မရှင်သည် လက်ရှိတွင် ရွေးကောက်ပွဲရက်စွဲနှင့်ပတ်သက်၍ဆွေးနွေးနေကြောင်း ရွေး/ကော်အရာရှိတစ်ဦးကပြောကြားခဲ့ပြီး ထွက်ပေါ်နေသောသတင်းများကို အတည်ပြုပေးရန် ငြင်းဆန်ခဲ့သည်။ ပြီးခဲ့သောသီတင်းပတ်တွင် မစ္စတာအနူတင်သည် လွှတ်တော်တွင် အကြီးဆုံးပါတီဖြစ်သော အတို-က်အခံပြည်သူ့ပါတီနှင့် သဘောထားကွဲလွဲခဲ့ပြီး အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ပဋိပက္ခဖြစ်ပေါ်နေစဉ်တွင်ပင် လွှတ်တော်ကိုဖျ-က်သိမ်းရန်ကြိုးစားခဲ့ပြီးနောက် မျှော်လင့်ထားသည်ထက်စောသော ရွေးကောက်ပွဲအစီအစဉ်ပေါ်ပေါက်လာခြင်းဖြစ်သည်။ Ref: သည်စထရိတ်တိုင်းမ်စ် The post ဖေဖော်ဝါရီလ ၈ ရက်‌နေ့တွင် ထိုင်းရွေးကောက်ပွဲများ ကျင်းပမည်ဟုဆို appeared first on Popular .