စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး

Credit to Popular Journal - ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် စင်ကာပူမြို့၊ မြန်မာသံရုံး၌ မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးခဲ့သည်ဟု သိရသည်။ ကြိုတင်မဲပေးနိုင်ရန် စင်ကာပူမြို့၊ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ရက်နှင့် ၁၄ရက်တို့တွင် ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်သည်။ ကြိုတင်မဲကို မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများ၊ စင်ကာပူနိုင်ငံတွင်ရောက်ရှိနေထိုင်ကြသော မြန်မာနိုင်ငံသား မဲဆန္ဒရှင်များက ပေးခဲ့သည်ဟု သိရသည်။ ဓာတ်ပုံ- Ministry of Foreign Affairs Myanmar The post စင်ကာပူရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေး appeared first on Popular .