Credit to Popular Journal - ၂၀၂၅ ခုနှစ်အတွက် အကယ်ဒမီဆု စိစစ်ရေးလုပ်ငန်းများ စတင်နေပြီး ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးမှ သိရသည်။ အဆိုပါအကယ်ဒမီဆုပေးပွဲအတွက် စိစစ်အကဲဖြတ်ရန် အကဲဖြတ်အဖွဲ့ကို ဖွဲ့စည်းထားပြီး ယခုနှစ်တွင် ယခင်နှစ်များနှင့်မတူဘဲ ဆောင်ရွက်နေကြောင်း သိရသည်။ အကဲဖြတ်အဖွဲ့အနေဖြင့် စုစုပေါင်း ရုပ်ရှင်ဇာတ်ကား ၇၀ ကျော်ကို တစ်ရက်လျှင် ဇာတ်ကား ၂ ကားမှ ၃ ကားအထိ ပြီးစီးအောင် ကြည့်ရှုအကဲဖြတ်ရန် ရည်ရွယ်ထားပြီး ပထမအဆင့် ကြည့်ရှုအကဲဖြတ်ခြင်းလုပ်ငန်းများကို ဇန်နဝါရီလအတွင်း ပြီးစီးနိုင်ရန် မျှော်မှန်းထားကြောင်း သိရသည်။ ထို့ပြင် ဒုတိယအဆင့် အကဲဖြတ်မှုများကို အကယ်ဒမီပွဲတော်မကျင်းပမီ သတ်မှတ်အချိန်မီ ပြီးစီးအောင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ပေးအပ်ချီးမြှင့်ရာတွင် ရုပ်ရှင်တစ်သက်တာဆု သုံးဆု၊ အထူးဆုတစ်ဆု […] The post ၂၀၂၅ ခုနှစ်အတွက် ရုပ်ရှင်ကား ၇၀ ကျော်ကို အကဲဖြတ်ကြည့်ရှုနေ appeared first on Popular .