အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးဆွေးနွေး

Credit to Popular Journal - အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးအတွက် မြန်မာ-တရုတ်-ထိုင်း နိုင်ငံတို့မှတာဝန်ရှိသူများ ယနေ့ ဒီဇင်ဘာ ၁၅ ရက်က ကရင်ပြည်နယ်၊ မြဝတီမြို့၌တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ ၎င်းတို့သည် မြဝတီမြို့ရှိ မြန်မာ-ထိုင်း အမှတ် (၂)ချစ်ကြည်ရေးတံတားအစည်းအဝေးခန်းမတွင် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှုများတို-က်ဖျ-က်ရေးဆိုင်ရာ Myanmar-China-Thailand Tri-lateral meeting for Combating Telecom Fraud and Online Gambling ညှိနှိုင်းအစည်းအဝေးအဖြစ်ပြုလုပ်ပြီး ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ မြဝတီဒေသရှိ အွန်လိုင်းလိမ်လည်မှုများ ကင်းစင်ပ ပျောက်သည်အထိရှင်းလင်းဆောင်ရွက်ရေး၊ အွန်လိုင်းလိမ်လည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရမည်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ အဆိုပါ (၃)နိုင်ငံမှတာဝန်ရှိသူများသည် KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင်အသုံးပြုခဲ့သည့် တရားမဝင်အဆောက်အဦးများ ဖြိုချဖျ-က်ဆီးထားမှုများ၊ ရွှေကုက္ကိုလ်နယ်မြေ၌ တရားမဝင် နိုင်ငံခြားသားများထားရှိရာအဆောက်အဦးများနှင့် မိုင်းခွဲဖျ-က်ဆီးထားသော “ရထိုက်”ကုမ္ပဏီပိုင် […] The post အွန်လိုင်းလိမ်လည်လောင်းကစားမှုများတွင် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ပြန်လည်လွှဲပြောင်းရာ၌ အဆင်ပြေချောမွေ့စေရေးဆွေးနွေး appeared first on Popular .