Credit to Popular Journal - တပ်မတော်(လေ)ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ ၁၅ ရက်နံနက်ပိုင်းကနေပြည်တော် လေတပ်စခန်းဌာနချုပ်၌ကျင်းပသော တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု (၇၈)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။ နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုအကာအကွယ်ပေးရေးနှင့် အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့အတွက် တည်ဆောက်ကြိုးပမ်းရာတွင် ခိုင်မာတောင့်တင်းသည့် ကာကွယ်ရေးစွမ်းအားစုတစ်ရပ်ပိုင်ဆိုင်ထားရန် မဖြစ်မနေလိုအပ်သည်ဟု ပြော သည်။ ထို့ကြောင့် တပ်မတော်(လေ)ကို ခေတ်အဆက်ဆက် ကြုံတွေ့ခဲ့ရသည့် အတွေ့ အကြုံများအပေါ်သင်ခန်းစာဖော်ထုတ်ကာ ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသော လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိရာ စတင်ဖွဲ့စည်းချိန်က အခြေစိုက်စခန်း(၁)ခုနှင့် ပျံသန်းရေးအုပ်အနည်းငယ်သာရှိခဲ့ရာမှ ယခုတွင်မြန်မာ့ဝေဟင်ပိုင်နက်တစ်ခုလုံးကို အလှမ်းမီစိုးမိုးနိုင်ရန် ဖြန့်ကျက်ချထားနိုင်ပြီဟု ပြောသည်။ “စွမ်းဆောင်ရည်ပိုင်းမှာလည်း သောင်းကျန်းမှုနှိမ်နင်းရေးလေတပ်အဆင့်ကနေ နည်းဗျူဟာမြောက်လေတပ်တစ်ခုအဖြစ် တိုးတက်တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါ့ကြောင့် ထိရောက်အစွမ်းထက်မြက်တဲ့ လေကြောင်းစွမ်းအားကိုပိုင်ဆိုင်အသုံးချနိုင်ဖို့ လေတပ်ရဲ့တိုက်စွမ်းအားနဲ့ တိုက်စွမ်းရည်(၂)မျိုးလုံး မြင့်မားပြည့်စုံအောင် […] The post တပ်မတော်(လေ)ကို ခေတ်မီပြီးစွမ်းရည်ထက်မြက်အင်အားတောင့်တင်းခိုင်မာသည့် လေတပ်တစ်ခုအဖြစ် အဆင့်ဆင့်တည်ဆောက်ပေးလျက်ရှိ appeared first on Popular .