မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကိုဆွေးနွေး

Credit to Popular Journal - မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကို နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်အဖွဲ့ဝင် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် မြန်မာနိုင်ငံဆိုင် ရာ အိန္ဒိယသံအမတ်ကြီး H.E.Mr. Abhay Thakur တို့ ယနေ့ ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းကတွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် မြန်မာနိုင်ငံ၌ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြီးပါက ပိုမိုကောင်းမွန်သောနယ်ပယ်များပေါ် ထွန်းလာမည့်အခြေအနေများ၊ မြန်မာနိုင်ငံသည် ငြိမ်း ချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ကို စတင်ချ မှတ်သည့်(၃)နိုင်ငံတွင်အပါအဝင်ဖြစ်ပြီး လက်ရှိအချိန်အထိ ၎င်းမူများအတိုင်း ခိုင်မာစွာလိုက်နာဆောင်ရွက်လျက်ရှိမှုတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့ပြင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်၍ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား ချစ်ကြည်ရင်းနှီးမှုနှင့် ဆက်ဆံရေးတိုး တက်ကောင်းမွန်လျက်ရှိမှု၊ နှစ်နိုင်ငံနယ်စပ်ဒေသ လုံ ခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး တို့အတွက် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ ထို့အတူ နှစ်နိုင်ငံတပ်မတော်နှစ်ရပ်ကြား စစ်ဘက် […] The post မြန်မာနိုင်ငံ၌ရွေးကောက်ပွဲကျင်းပပြီးပါက ပိုမိုကောင်း မွန်သောနယ်ပယ်များပေါ်ထွန်းလာမည့် အခြေအနေ များကိုဆွေးနွေး appeared first on Popular .