Credit to Popular Journal - လာမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၁)အတွက် မန္တလေးတိုင်းဒေသကြီး မြို့နယ်များအတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများ ပြင်ဆင်နေပြီးဖြစ်ကြောင်း သိရသည်။ အပိုင်း(၁)တွင်ပါဝင်သော အောင်မြေသာစံမြို့နယ်အတွင်း မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံနေရာများကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။ ရွေးကောက်ပွဲတွင် အသုံးပြုမည့်အီလက်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများထားရှိမှု သက်ဆိုင်ရာမဲရုံများအတွင် စနစ်တကျဖြန့်ဝေမှုများကို စီစဉ်ဆောင်ရွက်နေကြောင်းလည်း သိရသည်။ မဲပေးစက်များ ပျ-က်ဆီးမှုမရှိစေရေး မီးဘေးကင်းရှင်းစေရန်နှင့် အထူးဂရုစိုက်ဆောင်ရွက်ရန်လည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်ကပြောသည်။ မန္တလေးတိုင်းဒေသကြီး၌ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် အပိုင်း(၁)ကို မြို့နယ် ၈ မြို့နယ်၌ ကျင်းပသွားမည်ဖြစ်ပြီး လျာထားမဲရုံပေါင်း ၁၂၄၂ ရုံ ၊ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အပိုင်း (၂) ကို မြို့နယ် ၉ မြို့နယ်တွင် […] The post မန္တလေးတိုင်းတွင် ရွေးကောက်ပွဲအပိုင်း(၁)အတွက် မဲရုံခင်းကျင်းမှုနှင့် လျာထားမဲရုံများပြင်ဆင် appeared first on Popular .