ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ

Credit to Popular Journal - ထိုင်းနိုင်ငံ၌ ကျင်းပနေသည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၏ ဆုတံဆိပ်ရရှိမှုဇယား၌ မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေသည်။ ယင်းဇယားသည် ယမန်နေ့ (ဒီဇင်ဘာလ၁၅)ရက်နေ့ ယှဉ်ပြိုင်မှုများ ပြီးဆုံးသွားချိန်အထိ ရပ်တည်မှုဇယား ဖြစ်သည်။ ဒီဇင်ဘာ ၁၅ ရက်နေ့တွင်မူ မြန်မာနိုင်ငံအတွက် ဝူရှူးအားကစားနည်းမှ ငွေတံဆိပ် (၃)ခု၊ ကြေးတံဆိပ် (၁)ခု၊ ပြေးခုန်ပစ် အားကစားနည်းမှ ငွေတံဆိပ် (၂)ခု၊ ရွက်လှေအားကစားနည်းမှ ကြေးတံဆိပ် (၁) ခု ထပ်မံ ဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။ ရွှေတံဆိပ်ဆု (၃)ခုမှာမူ ရိုးရာခြင်းလုံး အသင်းလိုက်အုပ်စုပတ်လည်ပွဲစဉ် Linking (Event 3) ပြိုင်ပွဲမှ မြန်မာအမျိုးသားအသင်းနှင့် အမျိုးသမီးအသင်းက ဆွတ်ခူးထားပြီး ဘိလိယက် အမျိုးသား ၃ယောက်တွဲမှ ဆွတ်ခူးပေးထားသည်။ The post ဆီးဂိမ်းတွင် မြန်မာက ရွှေတံဆိပ် သုံးခုဖြင့် နိုင်ငံအလိုက် အဆင့် (၇) တွင် ရှိနေ appeared first on Popular .