အာရက္ခတပ်တော် AA သိမ်းပိုက်၊ ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲခဲ့တာကြောင့် ဒီဇင်ဘာလ ဒုတိယပတ်အတွင်း ဒေသခံ ၄၀ကျော်သေဆုံးခဲ့ရပြီး၊ ဒဏ်ရာရသူ အရေအတွက်ဟာလည်း ၈၀ကျော် ရှိပါတယ်။