Credit to Popular Journal - မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ (၁၅)ကြိမ်မြောက် သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ရန်ကုန်မြို့၌ကျင်းပရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့မှ အလှူငွေကျပ်သိန်း (၁ဝဝ)လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၁၀၀)အား ပြန်ကြားရေးဝန်ကြီး ဌာန ဒု-ဝန်ကြီး ဦးရဲတင့်မှ နိုင်ငံတော်ယာယီသမ္မတ (ကိုယ်စား)ပေးအပ်လှူဒါန်းရာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်က လက်ခံရယူခဲ့ကြောင်း သိရသည်။ ထို့ပြင် ပြန်ကြားရေးဝန်ကြီးဌာနမှ အလှူငွေကျပ်သိန်း (၃၀)၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ အလှူငွေကျပ်(၁၅၆) သိန်း၊ ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလှူငွေကျပ်(၁ဝ)သိန်းနှင့် အလှူရှင်များကအလှူငွေများပေးအပ်လှူဒါန်းခဲ့ကြပြီးနောက် ကန်တော့ခံသက်ကြီးဂီတပညာရှင်ကြီး(၁၅၆)ဦးအားကန်တော့ပစ္စည်းများ၊ ဂါရဝပြုဂုဏ်ပြုငွေများနှင့်အတူ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။ နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့သည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၃ ရက်နံနက်ပိုင်းက […] The post နိုင်ငံတော် ယာယီသမ္မတနှင့် ဇနီးတို့မှ သက်ကြီးဂီတပညာရှင်များ ပူဇော်ကန်တော့ပွဲကို အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း appeared first on Popular .