ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ

Credit to Popular Journal - တရုတ်နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ဒေသတွင်းနှင့် နိုင်ငံတကာကိစ္စရပ်များတွင် ပိုမိုနီးကပ်စွာ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သဘောတူခဲ့ကြသည်။ တနင်္ဂနွေနေ့က နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံဆွေးနွေးမှုအပြီး၌ ထုတ်ပြန်ခဲ့သော ကြေညာချက်များတွင် အရှေ့အလယ်ပိုင်း သံခင်းတမန်ခင်းနှင့်ပတ်သက်၍ ရီယာ့ဒ်၏ အခန်းကဏ္ဍကို ပေကျင်းက ချီးကျူးကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အာရပ်စော်ဘွားများပြည်ထောင်စု(ယူအေအီး) ဖြင့်စတင်ခဲ့သည့် အရှေ့အလယ်ပိုင်းသုံးနိုင်ငံကို ခရီးသွားရောက်နေခြင်းဖြစ်ကာ ဂျော်ဒန်တွင် ခရီးစဉ် ကို အဆုံးသတ်ရန် စီစဉ်ထားသည်။ ၎င်းသည် တနင်္ဂနွေနေ့တွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုင်ဆယ်ဘင် ဖာဟန် အယ်လ်ဆော့ဒ်နှင့် တွေ့ဆုံခဲ့သည်။ တရုတ်အစိုးရပိုင် ရှင်းဟွာသတင်းဌာနက ဖော်ပြခဲ့သော ပူးတွဲထုတ်ပြန်ချက်တွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေမည့်ကိစ္စရပ်များကို အသေးစိတ်မဖော်ပြခဲ့သော်လည်း ဆော်ဒီအာရေဗျနှင့် အီရန်နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် မြှင့်တင်မှုကို တရုတ်နိုင်ငံက ထောက်ခံကြောင်း ဖော်ပြခဲ့သည်။ […] The post ဒေသတွင်းနှင့် နိုင်ငံတကာအရေး ပိုမိုပူးပေါင်းဆောင်ရွက်ရန် တရုတ်နှင့် ဆော်ဒီ သဘောတူ appeared first on Popular .