ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်ချိန် မင်္ဂလာဒုံနှင့်မြောက်ဥက္ကလာပအတွင်းရှိ ရပ်ကွက်များတွင် Anti Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရန်ကုန်မြို့တွင် ယမန်နေ့ အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက စစ်သူနာပြုသင်တန်းဆင်းပွဲ လာရောက်တက်ချိန် မင်္ဂလာ ဒုံ နှင့်မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်တချို့တွင် Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများနှင့် တပ်အသိုင်းအ၀ိုင်းက ပြောဆိုသည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက်အစောပိုင်း မင်္ဂလာဒုံမြို့နယ်အတွင်းရှိ စစ် သူနာပြုနှင့်ဆေးဘက်ပညာတက္ကသိုလ်တွင် သင်တန်းဆင်းပွဲ ပြုလုပ်ခဲ့ပြီး ယင်းသင်တန်းဆင်းပွဲသို့ ဒုစစ်ခေါင်းဆောင် စိုးဝင်း လာတက်ခဲ့ကြောင်း၊ ထိုသို့ စစ်သင်တန်းဆင်းပွဲကျင်းပချိန် မင်္ဂလာဒုံမြို့နယ်နှင့် မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်များအတွင်းအထိပါ စစ်တပ်က Anti-Drone Guard နှင့် Jammer စက်ကြီးများ တင်ဆောင်ထားသော စစ်ကားများကို လာရောက်ချထားပြီး ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများကို ဖြတ်တောက်ခဲ့ကြောင်း သိရှိရသည်။ […] The post ရန်ကုန်တွင် ဒုစစ်ခေါင်းဆောင် စိုးဝင်း စစ်သူနာပြု သင်တန်းဆင်းပွဲလာတက်ချိန် မင်္ဂလာဒုံနှင့်မြောက်ဥက္ကလာပအတွင်းရှိ ရပ်ကွက်များတွင် Anti Drone-Guard နှင့် Jammer စက်ကြီးများ ချပြီး ဖုန်းနှင့်အင်တာနက်လိုင်းများ ယာယီဖြတ်တောက် appeared first on Khit Thit Media .