ထိုင်းရောက် မြန်မာများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေး မြန်မာစစ်တပ်နှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးကြပြီး စစ်တပ်နှင့်ပတ်သက်သူများက အဓိကဦးဆောင်၊ အခွန်နှင့်ငွေကြေးများ တိုးမြှင့်ကောက်ခံဦးမည်

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ထိုင်းရောက် မြန်မာလုပ်သားများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေးအတွက် မြန်မာစစ်တပ်နှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးခဲ့ပြီး စစ်တပ်နှင့်ပတ်သက်သူများက အဓိက ဦးဆောင် ပါဝင်လာကြောင်း သိရှိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနနှင့် မြန်မာ အလုပ်သမားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တင်ကိုကို ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့တို့ ထိုင်းနိုင်ငံတောင်ပိုင်း ကဘီခရိုင်၊ အောဝ်နန်မြို့နယ်ရှိ Bluesotel ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း၊ အဆိုပါ ဆွေးနွေးပွဲတွင် ရွှေ့ပြောင်းမြန်မာလုပ်သားများထံမှ အခကြေးငွေ ကောက်ခံရရှိရေးနှင့် CI ထုတ်ပေးရေး စခန်းအသစ်များ ထပ်မံဖွင့်လှစ်ရန် တို့ပါဝင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက် မှတ် (CI) ထုတ်ပေးရေး လုပ်ငန်းစဉ်အတွက် ဆွေးနွေးကြရာတွင် CI ဈေးနှုန်းကို မတရား […] The post ထိုင်းရောက် မြန်မာများကို သက်သေခံလက်မှတ်-CI များထုတ်ပေးရေး မြန်မာစစ်တပ်နှင့် ထိုင်းအာဏာပိုင်များ ဆွေးနွေးကြပြီး စစ်တပ်နှင့်ပတ်သက်သူများက အဓိကဦးဆောင်၊ အခွန်နှင့်ငွေကြေးများ တိုးမြှင့်ကောက်ခံဦးမည် appeared first on Khit Thit Media .