ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ကွန်ကရစ် ကျောက်ဖြည့်ဆည်တမံ အမျိုးအစားတည်ဆောက်ရန် တရုတ်နှင့် နှစ်နိုင်ငံဆွေးနွေးသဘောတူဟု စိုးဝင်းထုတ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ဆည်တာတမံတည်ဆောက်ရာတွင် နှစ်နိုင်ငံ အကျိုး ဖြစ်ထွန်းစေသည့် ကွန်ကရစ်မျက်နှာ ကျောက်ဖြည့်တမံ အမျိုးအစားတည်ဆောက်ရန် တရုတ်နိုင်ငံနှင့်ဆွေးနွေးသဘောတူညီထားပြီဖြစ်ကြောင်း အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ထုတ်ဖော်ပြောဆိုလာသည်။ ယမန်နေ့ မြစ်ကြီးနားတွင် အကြမ်းဖက် ဒုစစ်ခေါင်းဆောင် စိုးဝင်းက ဌာနဆိုင်ရာတွေ့ဆုံပွဲတွင် အထက် ပါ အတိုင်း ပြောဆိုလာခြင်းဖြစ်သည်။ အကြမ်းဖက်စစ်တပ်က မြစ်ဆုံရေအား လျှပ်စစ်စီမံကိန်းနှင့် ပတ်သက်၍ အကောင် အထည်ဖော် ဆောင်ရွက်ရန် တရုတ်နိုင်ငံ မှ သက်ဆိုင်ရာကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ကြောင်း၊ ယခင်က မြစ်ဆုံ စီမံကိန်း နောက်ဆုံးအဆင့် တမံတည်ဆောက်ရေး စီမံကိန်းစတင်ချိန်နီးမှသာ နိုင်ငံရေးအကျပ်အတည်းနှင့် မမျှော်မှန်းနိုင်သော အကြောင်းတရားများကြောင့် စီမံကိန်းရပ်တန့်ခဲ့ကြောင်း၊ အဆိုပါ စီမံကိန်းတည်ဆောက်ရေးနှင့်ပတ်သက်၍ ဒေသခံပြည်သူများ၊ ဘာသာရေးခေါင်းဆောင်များနှင့် အကျေ အလည်ဆွေးနွေးရသည့်အချက်မှာ ငလျင်ကြောပေါ်တွင်ရှိနေသည့်အတွက် တမံပြိုကျပါကဖြစ်ပေါ်လာမည့် […] The post ဧရာ၀တီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းအတွက် ကွန်ကရစ် ကျောက်ဖြည့်ဆည်တမံ အမျိုးအစားတည်ဆောက်ရန် တရုတ်နှင့် နှစ်နိုင်ငံဆွေးနွေးသဘောတူဟု စိုးဝင်းထုတ်ပြော appeared first on Khit Thit Media .