Credit to Popular Journal - ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ည နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က မန္တလေးတိုင်းအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးတွင် နှစ်သစ်ကူးပြောင်းခြင်းကို နိုင်ငံသူနိုင်ငံသားများက ညဉ့်နက်သန်းခေါင်းယံအထိ စောင့်ဆိုင်း၍ နှစ်သစ်ကိုကြိုဆိုခြင်းအထိမ်းအမှတ် ပျော်ရွှင်ဖွယ်ရာများနှင့်အတူ ကြိုဆိုကြကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောသည်။ မန္တလေးမြိုတွင် နှစ်သစ်ကူးကြိုဆိုခြင်း၏ အနှစ်သာရကို မန္တလေးမြို့သူမြို့သားများ၊ ပြည်သူလူထုအား မြူးကြွသည့် ဖျော်ဖြေတင်ဆက်မှုများနှင့်အတူ အေးချမ်းပျော်ရွှင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ပါဝင်ဆင်နွှဲနိုင်မည့် အစီအစဉ်များ၊ နှစ်သစ်ကူး Countdown ကို အတူရေတွက်ခြင်း၊ မီးရှူးမီးပန်းများ ပစ်ဖောက်ခြင်းတိုကို ထည့်သွင်းကျင်းပသွားမည် ဖြစ်ပါကြောင်းနှင့် ဦးစီးကော်မတီ၊ ဆပ်ကော်မတီများအနေဖြင့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ လစ်ဟင်းမှုမရှိစေရေး လုံခြုံရေးသတိ၊ လုံခြုံရေးအသိတိုဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်းလည်း တိုင်းဝန်ကြီးချုပ် ဦးမျိုးအောင်က ပြောကြားခဲ့သည်။ […] The post မန္တလေးတွင် နှစ်သစ်ကြိုဆိုပွဲ အောင်မြင်စွာကျင်းပနိုင်ရန် စီစဉ်နေပြီး လုံခြုံရေးသတိ၊ အသိဖြင့် စနစ်တကျကြပ်မတ်ဆောင်ရွက်သွားရမည် appeared first on Popular .