Credit to Popular Journal - မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ဟုဆို လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတုပြုလုပ်ရောင်းချသူများကို သတင်းပေးတိုင်ကြားချက်အရ ဖမ်းဆီးရမိခဲ့ကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ အဆိုပါ သတင်းပေးတိုင်ကြားမှုအရ ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များ မဖြစ်ပေါ်စေရေးနှင့် အတုနှင့် အစစ်တို့၏ သိသာထင်ရှားစွာကွဲပြားခြားနားမှုကိုလည်း အသိပေးထားသည်။ ယခုဖမ်းဆီးရမိသည့် ငွေစက္ကူအတုများသည် အရည်အသွေးကောင်းမွန်သော မိတ္တူကူးစက်များကိုအသုံးပြုကာ “A4” စာရွက်များဖြင့် မိတ္တူကူးထားသောကြောင့် အတုမှန်း လွယ်ကူစွာသိရှိနိုင်ကြောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေစက္ကူများမှာ လုံခြုံမှုအဆင့်အတန်း မြင့်မားစွာပါရှိသောကြောင့် လွယ်ကူလျင်မြန်စွာ ခွဲခြားသိမြင်နိုင်ကြောင်း သိရသည်။ ငွေစက္ကူအစစ်နှင့်အတုတို့တွင် အလွယ်တကူမျက်မြင်သိရှိနိုင်သော အချက်များမှာ ငွေစက္ကူ၏ စက္ကူသားမှာ ကြမ်းရှရှရှိနေခြင်း၊ (ငွေစက္ကူအတုတွင် ပြောင်ချောနေပါသည်)၊ ငွေစက္ကူ၏ရှေ့မျက်နှာစာ လက်ဝဲဘက်ထောင့်ရှိ အညိုရောင်ကနုတ်ပန်းကို လက်ဖြင့် စမ်းသပ်ကြည့်ပါက ကြမ်းရှရှဖြစ်နေပြီး […] The post လူမှုကွန်ရက်ပေါ်တွင် ငွေစက္ကူအတု ဖမ်းဆီးရမိမှုများအား မကြာခဏတွေ့ရှိရ၍ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များမဖြစ်ပေါ်စေရန် ဗဟိုဘဏ်ထုတ်ပြန် appeared first on Popular .