စစ်တပ်နှင့် အပစ်ရပ်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အောက်ခံ အနီ၊ အပြာနှင့် ကြယ်ဖြူ ၃ လုံး အလံကို တရားဝင် အထူးဒေသ အလံတော်အဖြစ် စတင်သုံးစွဲ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် နယ်မြေအများစုကို သိမ်းပိုက်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး တရားဝင်လံကို စတင်သုံးစွဲမည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန် ကြေညာသည်။ ယခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့တွင် ကျင်းပသော အထူးဒေသ ၁ အုပ်ချုပ်ရေးကော်မတီအစည်းအဝေးက “ပြည်ထောင်စု မြန် မာနိုင်ငံ အထူးဒေသ ၁ ဒေသအလံတော်ဥပဒေ” အတည်ပြုခဲ့ပြီး တရားဝင်အလံတော်ကို စတင်သုံးစွဲခြင်းဖြစ်ကြောင်း သိရှိရသည်။ ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ ၁ ၏ ဒေသအလံတော်ဥပဒေ ပြဋ္ဌာန်းချက်တွင် အထူးဒေသ ၁ ၏ ဂုဏ်သိက္ခာကိုထိန်းသိမ်းရန်၊ အထူးဒေသအလံ၏အသုံးပြုမှုကိုစနစ်တကျဖြစ်စေရန်၊ အထူးဒေသအပေါ် နိုင်ငံသားများ၏ ပြည်သူ့အသိ၊ ပြည်သူ့စိတ် ဓာတ် ပိုမိုမြှင့်တင်ရန်၊ ဒီမိုကရေစီ၊ […] The post စစ်တပ်နှင့် အပစ်ရပ်ထားသော ကိုးကန့် MNDAA က အထူးဒေသ ၁ အလံတော်ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး အောက်ခံ အနီ၊ အပြာနှင့် ကြယ်ဖြူ ၃ လုံး အလံကို တရားဝင် အထူးဒေသ အလံတော်အဖြစ် စတင်သုံးစွဲ appeared first on Khit Thit Media .