အမေရိကန်-တရုတ် ပြိုင်ဆိုင်မှုကြား တရုတ်၏ လက်ဝေခံနိုင်ငံ ဖြစ်လာသော မြန်မာ

မြန်မာသည် တရုတ်၏ လက်ဝေခံနိုင်ငံအဆင့်သို့ အလျင်အမြန်ကျဆင်းသွားရခြင်း၏ အဓိက တရားခံမှာ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းခဲ့သည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိုက်မဲဆုံးနှင့် အညံ့ဖျင်းဆုံး တိုင်းပြည်ကို ဖျက်ဆီးခဲ့သော လုပ်ရပ်များကြောင့်ဆိုလျှင် မှားအံ့မထင်။ ယခုအခါ ၎င်း၏အာဏာတည်မြဲရေးအတွက် တရုတ်၏ ကျားကန်ပေးမှု ရယူထားရသော မင်းအောင်လှိုင်သည် ဒီမိုကရေစီ အမည်ခံ အတုအယောင် ရွေးကောက်ပွဲကျင်းပရေး ကြိုးပမ်းနေပြီ ဖြစ်သည်။