မြန်မာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြောင်း ကိုရီးယား လွှတ်တော်အမတ်များက စုပေါင်းကြေညာ

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ကိုရီးယာနိုင်ငံ လွှတ်တော်အမတ်များက မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချသည်ဟု စုပေါင်းကြေညာခဲ့ကြောင်း NUG အစိုးရ ကိုရီးယားနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးထံမှ သိရသည်။ ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် ကိုရီးယားသမ္မတနိုင်ငံ၏ အာဏာရနှင့် အတိုက်အခံပါတီ လွှတ် တော် အမတ်များက မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရှုတ်ချကာ အတင်းအ ကျပ် ကျင်းပရန် စီစဉ်နေသည့် တရားမဝင် ရွေးကောက်ပွဲအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း စုပေါင်းထုတ်ပြန် ကြေညာလိုက်ခြင်းဖြစ်သည်။ မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင်ရွေးကောက်ပွဲ ကျင်းပရန် ကြိုးပမ်းမှု တို့ကို ရှုတ်ချပြီး ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးကို တောင်းဆိုသည်ဟု ဒီမိုကရက်တစ်ပါတီ၏ အီယွန်ဆွန်း အမတ် […] The post မြန်မာ စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် တရားမဝင် ရွေးကောက်ပွဲကို ကန့်ကွက်ရှုတ်ချကြောင်း ကိုရီးယား လွှတ်တော်အမတ်များက စုပေါင်းကြေညာ appeared first on Khit Thit Media .