စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ဟု PPP ဥက္ကဋ္ဌ သက်သက်ခိုင် ထုတ်ပြော

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ အကြမ်းဖက် စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ ခိုင် ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီ- PPP ၏ ဥက္ကဋ္ဌ သက်သက်ခိုင်က ပြည်တွင်းစစ်လော်ဘီမီဒီယာတစ်ခုမှ တစ်ဆင့် ထုတ်ဖော်ပြောဆိုသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က ဒုတိယသမ္မတ ၁ ဦး ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနှင့်နယ် စပ်ရေးရာ ဝန်ကြီး ၃ ပါး အစိုးရအဖွဲ့တွင် ရရှိသည့်အပြင် လွှတ်တော်အတွင်းလည်း ၂၅ ရာခိုင်နှုန်း နေရာ ရယူထားကြောင်း၊ လက်ရှိ စစ်တပ်က ရွေးကောက်ပွဲကို ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေပြီး ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲကော်မရှင်ကိုလည်း စစ်တပ်က […] The post စစ်တပ်က ရွေးကောက်ပွဲတွင် ဒိုင်လူကြီးလုပ်သည့်အပြင် စစ်ဗိုလ်ချုပ်များကိုယ်တိုင် ကြံ့ခိုင်ရေးပါတီမှ ရွေးကောက်ပွဲ ဝင်လာ၍ တန်းတူညီမျှ (Level Playing Field) အခြေအနေ မရှိတော့ဟု PPP ဥက္ကဋ္ဌ သက်သက်ခိုင် ထုတ်ပြော appeared first on Khit Thit Media .