ရန်ကုန်၊ ဒီဇင်ဘာ ၁၇ မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရကြောင်း အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု (GSCB) မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အကြမ်းဖက် စစ်အုပ်စုက ဆုကြေးငွေနှင့် တကွ ဖမ်းဝရမ်း ထုတ်ထားသည့် မန္တလေးမြို့ လူထုသပိတ်လှုပ်ရှားမှု ခေါင်းဆောင်ဖြစ်သူ ကိုထက်မြတ်အောင်ကို မန္တလေးမြို့၌ စစ်အုပ်စုက အဓမ္မ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ် အုပ်စုက အဓမ္မ ဖမ်းဆီးထားသော ကိုထက်မြတ်အောင်သည် ရတနာပုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၏ ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့သူ ကျောင်းသားခေါင်းဆောင်တစ်ဦး ဖြစ်ပြီး အာဏာရှင်စနစ် […] The post မန္တလေးမြို့ လူထုသပိတ် လှုပ်ရှားမှု ခေါင်းဆောင် ကိုထက်မြတ်အောင်ကို စစ်တပ်က အကြမ်းဖက် ရိုက်နှက် ထိုးကြိတ် ဖမ်းဆီးထား၍ အသက်အန္တရာယ် စိုးရိမ်ရ appeared first on Khit Thit Media .