ခင်ဦး၊ ရေဦးနှင့် တန့်ဆည်မြို့နယ် အစပ်ကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ ဘီးလင်းတွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး

ရန်ကုန်၊ ဒီဇင်ဘာ ၁၇ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်သေဆုံးမှုရှိကြောင်း ရေဦးမြို့နယ် ပကဖ (လက်ရုံးတပ်)မှ သတင်း တာဝန်ခံ ထူးခန့်ဇော်(အမေ့သား) က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဒီဇင်ဘာလ ၁၆ ရက်နှင့် ၁၇ ရက်နေ့တို့တွင် ခင်ဦးမြို့နယ်၊ ရေဦးမြို့နယ်နှင့် တန့်ဆည်မြို့နယ် အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် အကြိမ် မြောက်များစွာ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အကြမ်းဖက် စစ်တပ်က ဗုံးကျဲ တိုက်ခိုက်သွားသောနေရာများတွင် ခရီးသွားယာဉ်တန်းများ သွားလာနေသည့် နေရာများလည်း ပါဝင်ပြီး ဖုန်းလိုင်းများ […] The post ခင်ဦး၊ ရေဦးနှင့် တန့်ဆည်မြို့နယ် အစပ်ကို စစ်တပ်က ၂ ရက်ဆက် လေယာဉ်ဖြင့် ဆက်တိုက်ဗုံးကျဲမှု ပြည်သူများ ထိခိုက်သေဆုံးမှုရှိ၊ ဘီးလင်းတွင်လည်း စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး အသက် ၁၅ နှစ်အရွယ် ကလေးငယ် ၁ ဦး သေဆုံး appeared first on Khit Thit Media .