ရန်ကုန်၊ ဒီဇင်ဘာ ၁၈ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်ကြောင်းထိုးရန်ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း ကျားသစ်နက်ပြောက်ကျားတပ်ဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ကျောက်ပန်းတောင်းမြို့နယ်၊ ဘုရားကြီးကုန်းကျေးရွာကို စစ်ကြောင်းထိုးရန် ထွက်လာသော အကြမ်း ဖက် စစ်တပ်ကို အင်ပင်ကြီးရွာနှင့် စမ်းတွန်းကြီးရွာကူးတံတားလမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ မိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးကာ ထိခိုက် ဒဏ်ရာရသူများပြားကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန် လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။ “စစ်ခွေးတွေ ကျောက်ပန်းတောင်းမြို့ပေါ်က ထွက်လာတာပါ။ အင်အား ၈၀ ပါတယ်။ […] The post ကျောက်ပန်းတောင်း၊ ဘုရားကြီးကုန်းကျေးရွာသို့ စစ်ကြောင်းထိုးရန် ထွက်လာသည့် စစ်တပ်ကို မိုင်းဆွဲမှု စစ်သား ၇ ဦးသေဆုံး၊ မိုးကုတ်တွင် စစ်တပ်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်သား ၁ ဦးသေဆုံးဟုဆို appeared first on Khit Thit Media .