Credit to Popular Journal - ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ ၄ ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက အကောင်အထည်ဖော် တည်ဆောက်ထားသော ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ ရိုးမရိပ်သာ အိမ်ရာရှိ ၁၂ခန်းတွဲ၄ထပ် တိုက်(၂)လုံး၊ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေစနစ်ဖြင့် ချိတ်ဆက်၍ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် ရောင်းချသွားမည်ဖြစ်သည်။ ဆောက်လုပ်ရေး ၊ အိမ်ရာနှင့်အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID Bank)၌ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၃၁ ရက်ရက်အထိ အိမ်ရာစုဆောင်းငွေ ကျပ်သိန်း(၃၀)နှင့်အထက် ပြည့်မီအောင် စုဆောင်းထားရှိသူ (၂၀၉၃)ဦး စာရင်းတွင် ပါဝင်သူများစာရင်းပေးသွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ […] The post ရိုးမရိပ်သာအိမ်ရာစီမံကိန်းရှိ အခန်း (၉၆) ခန်းကို အတိုးနှုန်းသက်သာသော အိမ်ရာချေးငွေဖြင့် ရောင်းချပေးမည် appeared first on Popular .